CSARN Research Fellowships for Women 2025 applications are open now!!!
How to Apply
Submit an application online (လျှောက်လွှာကို ဖော်ပြပါ အွန်းလိုင်းက တဆင့် တင်သွင်းရမည်) - Application form 2025: CSARN Fellowships for Women
If you are shortlisted, you will be invited for an interview and asked to submit a reference letter (ဦးစားပေး စာရင်းတွင် ပါဝင်လာပါက လူတွေ့မေးမြန်းခြင်း ခေါ်ယူခံရမှာဖြစ်ပြီး၊ ကိုယ့်ကို ထောက်ခံပေးမည့်သူစေက ထောက်ခံစာ တောင်းယူသွားမည် ဖြစ်သည်).
If selected, provide a supporting statement/letter from your employer to accomplish the fellowship programme requirements (အရွေးချယ်ခံရပါက မိမိ လက်ရှိလုပ်နေသော အလုပ်မှ ဤအစီအစဉ်တွင် ပါဝင်ခွင့် ထောက်ခံစာ တောင်းခံသွားမည် ဖြစ်သည်).
Inquiries (စုံစမ်းမေးမြန်းရန်): fellowships@thehillsmyanmar.org or https://www.facebook.com/ChinStateResearch/
The Fellowship is offered to eight women from Chin State who wish to carry out research in the following fields: education, gender, food security, humanitarian situation, displacement, sustainable development, and health. This programme is run by the Chin State Academic Research Network (CSARN) a project of TheHILLS Myanmar (THM).
ဤပညာသင် အစီအစဉ်သည် ချင်းပြည်နယ်မှ အမျိုးသမီး (၈) ဦးကို ပညာရေး၊ gender ၊ စားနပ်ရိက္ခာဖူလှုံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအခြေအနေ၊ ရွှေ့ပြောင်းနေထိုင်ခြင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး နှင့် ကျန်းမာရေး အစရှိသော နယ်ပယ်များတွင် သုတေသန ပြုလုပ်နိုင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်ကို THM ၏ စီမံကိန်း တစ်ခုဖြစ်သည့် CSARN မှ ဦးစီးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
The general purpose of the fellowship programme is to facilitate capacity building of women in research, to contribute to the development of a new generation of women leaders in Chin State, and to promote their effective participation in community based, regional and global research, advocacy, and decision making.
ဤအစီအစဥ်၏ ယေဘူယျရည်ရွယ်ချက်မှာ သုတေသနနယ်ပယ်များတွင် အမျိုးသမီးများ၏စွမ်းရည်မြှင့်တင်ရေး၊ ချင်းပြည်နယ်တွင် မျိုးဆက်သစ် အမျိုးသမီးခေါင်းဆောင်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်နှင့် ရပ်ရွာအခြေပြု လုပ်ငန်းများ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သုတေသနများ၊ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်ချခြင်းများတွင် ၎င်းတို့၏ ထိရောက်သော ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် ဖြစ်ပါသည်။
Fellowship stipend d equal to USD 2000 per fellow. တစ်ဦးချင်းစီအတွက် ငွေကြေးထောက်ပံ့မှု- USD 2000 ပေးသွားမည်။
Participate in 5 days training on research and capacity building in person. သုတေသနနှင့် စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ၅ ရက်ကြာ သင်တန်းတွင် ပါဝင်ခွင့် ရရှိမည်။
Fellows will have access to a training and mentoring programme led by regional and international facilitators. ဒေသတွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်သုတေသီများ၏ ပို့ချချက်နှင့် လမ်းညွှန်မှုများ ရရှိမည်။
Application period: 21 July 2025 to 31 August 2025 (လျှောက်လွှာတင်သွင်းခြင်း သတ်မှတ် ကာလ။ ၂၁ ဇူလိုင်လ ၂၀၂၅ မှ ၃၁ ဩဂုတ်လ ၂၀၂၅ ခုနှစ်အထိ။)
Application evaluation and interview: September 2025 (လျှောက်လွှာများ စိစစ်ခြင်းနှင့် လူတွေ့မေးမြန်းခြင်း။ ။ စက်တင်ဘာလ ၂၀၂၅ ခုနှစ် အတွင်း။)
Start date: October 2025 (လုပ်ငန်းစတင်မည့် ရက်။ ။ အောက်တိုဘာလ ၂၀၂၅ ခုနှစ်)
Programme duration - 7 months. အစီအစဥ် ကြာမြင့်ချိန်။ ။ ၇ လ သတ်မှတ်ထားသည်။
Between 18 - 35 years old. အသက် ၁၈ မှ ၃၅ နှစ် အထိ။
Excellent Burmese or English. မြန်မာစာ (သို့) အင်္ဂလိပ် ကျွမ်းကျင်စွာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရပါမည်။
Women from Chin State or in the surrounding region, holders of Myanmar citizenship. မြန်မာနိုင်ငံသားဖြစ်သူ ချင်းပြည်နယ်မှ အမျိုးသမီးများ။
The fellowships are competitive and selection is based on: ဤပညာသင် အစီအစဉ်သည် ယှဉ်ပြိုင်လျှောက်ထားသူများအကြား အောက်ပါ အချက်များအပေါ် အခြေခံပြီး ယှဉ်ပြိုင် ရွေးချယ်သွားမှာ ဖြစ်သည်။
Motivations to apply. လျှောက်လွှာတင်သွင်းရခြင်း အကြောင်းအရင်း။
Profile/CV of the applicant. ကိုယ်ရေးအကျဉ်းချုပ်။
Quality of the application and research proposal. လျှောက်လွှာနှင့် သုသေတန အဆိုပြုလွှာ၏ အရည်းအသွေးကောင်းမွန်မှု။
Interview. လူတွေ့မေးမြန်းခြင်း။
Priority is given to those in Chin State, or in the surrounding region. ချင်းပြည်နယ် သို့မဟုတ် အနီးနားဒေသ မှ လျှောက်ထားသူများကို ဦးစားပေးသည်။
Candidates with at least a Bachelor degree or previous experience in research/research training.. အနည်းဆုံး ဘွဲ့ဒီဂရီ သို့မဟုတ် သုတေသနလုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ရမည်။
Your proposal should tell us about your areas of interest and your general knowledge of the research topic. You are not expected to be an expert already! However, you need to have a good level of knowledge about the subject, and show us how you might make a good contribution to this topic.
သုသေတန စာတမ်းအဆိုပြုချက် ရေးသားရာတွင် သင်၏စိတ်ဝင်စားမှုနယ်ပယ်နှင့် သက်ဆိုင်သောအကြောင်းအရာများကို အခြေခံ ဗဟုသုတဘယ်လောက်ရှိထားသလဲဆိုတာကို ဖော်ပြသင့်သည်။ မိမိရွေးချယ်ထားသော နယ်ပယ် ခေါင်းစဉ်နှင့် ပတ်သက်၍ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ရန် မလိုအပ်သော်လည်း မိမိစာတမ်းကို အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းများဖြင့် ရေးသားဖော်ပြရန်လိုအပ်သည်။
Title and Keywords - think of a clear title for your project that explains what it’s about. Consider also writing 4 keywords that describe your proposal. ခေါင်းစဉ်နှင့် အထူးပြုစကားလုံးများ - မိမိဆောင်ရွက်မည့် သုတေသနကို ထင်ဟပ်ဖော်ပြပေးနိုင်မည့် ရှင်းလင်းသောခေါင်းစဉ်တစ်ခုစဉ်းစားပါ။ ၎င်းကို ထင်ဟပ်စေမည့် အထူးပြုစကားလုံးများလည်း ရေးပါ။
Impact Statement - explain what you want to work on and why it is important. What difference/impact will your research make? List any specific research and advocacy objectives that you may have. အကျိုးသက်ရောက်မှု ရှင်းလင်းချက်။ ။ မိမိ၏ သုတေသန ခေါင်းစဉ်ကို ဘာကြောင့်လုပ်ချင်တာလဲ၊ ဘယ်လောက် အရေးကြီးလဲဆိုတာကို ရှင်းပြရန်လိုသည်။ မိမိ၏ သုတေသနသည် ဘယ်လောက်ခြားနားမှု/သက်ရောက်မှုများ ပေးနိုင်မှာလဲ ဖော်ပြပေးဖို့ လိုသည်။ မိမိ ကြိုတင်ရည်ရွယ်ထားသည့် သုတေသနနှင့် စည်းရုံးလှုံ့ဆော်လိုသော (advocacy) ဦးတည်ချက်များကို အချက်များဖြင့် ရေးသားဖော်ပြရန်လိုသည်။
Background and Context - provide some background information/context of the topic you wish to write about. နောက်ခံသမိုင်းနှင့် အကြောင်းအရာ။ ။မိမိ ရေးသားလိုသည့် ခေါင်းစဉ်၏ နောက်ခံအချက်အလက်/ အကြောင်းအရာများကိုရေးသားဖို့ လိုသည်။
Methodology - how will you collect information and do your research? Will you do desk research (reports, news and articles, etc.) or do you wish to do field research (interviews, surveys, etc?) သုတေသန နည်းနာ။ ။ သုတေသနရေးသားပြုစုရာတွင် မည်သို့သော နည်းနာ အသုံးပြုမည်ကို ရေးသားဖော်ပြပါ။ ဥပမာ - ထုတ်ဝေပြီးသား စာရွက်စာတမ်းများ ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် ကွင်းဆင်းအချက်အလက်သစ် စုဆောင်းခြင်း (အင်တာဗျူးများ၊ စစ်တမ်းများ)
Risk - identify any risks you think there may be for you in carrying out research in Myanmar right now. The risks can be direct (to yourself) or indirect (to your family, colleagues, etc.). How will you mitigate these risks? လက်ရှိမြန်မာနိုင်ငံတွင် သုတေသနရေးသားပြုစုရာတွင် မိမိကိုယ်တိုင် သို့မဟုတ် မိသားစုအသိုင်းအဝန်းအား နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်နိုင်ချေရှိပါက ရေးသားဖော်ပြပါ။ နောက်ဆက်တွဲ ဆိုးကျိုးများအား လျော့နည်းအောင် လုပ်ဆောင်မည့် အစီအမံများ ဖော်ပြပါ။
Timeline - provide a timeline of your proposed research project for 7 months. You may include what challenges you might face? What are the main stages of your project? အချိန်ဇယား။ ။မိမိ၏ သုတေသနအဆိုပြုချက် စီမံကိန်းကို ၇ လအတွင်း ပြုလုပ်ရန် အချိန်ဇယားဖြင့် ဖော်ပြပါ။ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် သုတေသန၏ အဓိက လုပ်ငန်းအဆင့်ဆင့်များဖြင့် ရှင်းလင်းဖော်ပြပေးရန်။
Other useful tips:
Writing a research report: The University of Adelaide
Writing techniques: Scribbr
How to write an essay – outline to draft: English Units
How to write research methodology: Research.com
Research ethics risk assessment and management - example: Brunel University London
Developing a Plan for Advocacy: University of Kansas
English language phrases for referring to sources: Academic Phrase Bank
How to write good sentences: The University of Adelaide
Writing different types of paragraphs: OpenAcademics
Tips and tools: The University of North Carolina